Project Management(အပိုင်း-၅)

Published on January 3rd 2023

Post Image
5.3 Project scheduling

Project scheduling သည် project manager တစ်ယောက်အတွက် အခက်အခဲဆုံး အလုပ်တွေထဲမှ တစ်ခုဖြစ်ပါသည်။ Managerများသည် activityများကို ပြီးမြောက်နိုင်ရန် လိုအပ်သော အချိန် နှင့် resources များကို ခန့်မှန်းတွက်ချက် ပေးရ ပြီး အဆီအလျော်တည့်သော အစီအစဉ်ဖြစ်အောင် စနစ်တကျစီစဉ်ရပါသည်။ လက်ရှိ schedule ဆွဲနေသော projectသည် အရင်လုပ်ခဲ့ပြီးသော projectနှင့် ဆင်တူနေသည့် အခြေအနေမှ လွဲ၍ အရင်projectတွင် ခန့်မှန်းခဲ့သော အရာများသည် ယခု projectအသစ်အတွက် မသေချာသော အရာများဖြစ်ပါသည်။ ဆိုလိုသည်မှာ projectများ သည် ဆင်တူသော သဘောသဘာဝရှိလျှင် schedulingသည်လည်း ဆင်တူနေတတ် ပါသည်။ မတူညီသော projectများတွင် အသုံးပြုသော design methodများ နှင့် implementation language များ ကွဲပြားလာသည်နှင့်အမျှ လုပ်ငန်းစဥ်အချိန်ဇယား ခန့်မှန်းခြေ (schedule estimation)သည်လည်း ပိုမို ရှုပ်ထွေးလာတတ်ပါသည်။

အကယ်၍ projectသည် နည်းပညာအရ အားသာမှုများရှိနေလျှင် ကျွန်တော်တို့ ၏ အစဦး ခန့်မှန်းသည့် ခန့်မှန်းခြေ (initial estimation) များကို ယုံကြည် စိတ်ချ နိုင်ပါသည်။ ဆိုလိုသည်မှာ နောက်ဖြစ်လာနိုင်သည့် ကိစ္စရပ်များကို သုံးသပ် ဆင်ခြေပြီး လျှင်တောင် နည်းပညာအရ အားသာနေသဖြင့် ခန့်မှန်းခြေများ အပေါ် အကောင်းမြင် နိုင်ပါသည်။ ဤအချက်ကို ကြည့်ချင်းအားဖြင့် software schedulingသည် အခြား ကြီးမား အဆင့်မြင့်သော projectများ၏ scheduling နှင့် မကွာခြားပါ။ လေယာဉ်များ ၊ တံတားများ နှင့် ကား modelအသစ်များ ၏ projectများသည် မမျှော်မှန်းထားသော ပြဿနာများကြောင့် မကြာမကြာ နောက်ကျနေတတ်ပါသည်။ ထို့ကြောင့် schedule များသည် ပိုမိုကောင်းမွန်သော တိုးတက်မှု သတင်းအချက်အလက်များ ရရှိ လာသည် နှင့် အမျှ ဆက်တိုက် update ဖြစ်နေရပါမည်။

Project scheduling process

Projectတွင်ပါဝင်သော လုပ်ဆောင်ရမည့် အလုပ် (total work)ကို သီခြား activity များအဖြစ် ခွဲခြားခြင်း နှင့်ယင်း activityများ ပြီးမြောက်နိုင်ရန် လိုအပ်သော အချိန်ကို ချင့်ချိန်တွက်ချက်ခြင်း သည် project schedulingတွင် ပါဝင်ပါသည်။ အချို့သော activity များကို သက်ဆိုင်ရာ လူများအား ချိတ်ဆက်ညှိနှုင်း တာဝန်ပေးခြင်း ဖြင့် ပြိုင်တူ လုပ်ဆောင်နိုင်လေ့ရှိပါသည်။ ထို့ကဲ့သို့ ပြုလုပ်ခြင်းဖြင့် လူအင်အား (workforce) ကို တစ်ချိန်တည်း အကောင်းဆုံး အသုံးချနိုင်ပါသည်။ ကျွန်တော်တို့ အနေဖြင့် လူတစ်ဦးတစ်ယောက်၏ အရေးကြီးသော လုပ်ငန်းတာဝန် တစ်ခုကြောင့် projectကြီး တစ်ခုလုံး နှောင့်နှေးရသည့် အခြေအနေအဖြစ်မျိုးကို ရှောင်နိုင်သမျှ ရှောင်ရန် အရေးကြီးပါသည်။

Project activity တစ်ခု လုပ်ဆောင်မှုသည် သာမန်အားဖြင့် အနည်းဆုံး တစ်ပတ် ကြာမြင့်ရပါမည်။ မည်သည့် activityကိုမဆို အများဆုံး ၈ပတ် မှ ၁၀ပတ် အတွင်း ပြီးမြောက်အောင် စီစဉ်သင့်ပါသည်။ အကယ်၍ activityတစ်ခုသည် ၁၀ပတ်အထက် ကြာမြင့်နိုင်ပါက ယင်း activityကို ထပ်ဆင့်ပိုင်းခြား(subdivide) ပြုလုပ်ကာ သီးခြား planning နှင့် scheduling ပြုလုပ်ပေးရပါမည်။

အရင် topicတစ်ခုတွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့သည် schedule များကို ခန့်မှန်းတွက်ချက်သည့်အခါ project၏အဆင့်တိုင်းကို ချောချောမွေ့မွေ့ ပြီးစီးမည်ဟု မယူဆသင့်ပါ။ Projectတွင်အတူ အလုပ်လုပ်သော တစ်စုံတစ်ယောက် သည် နေမကောင်းဖြစ်နိုင်သည် (သို့) အလုပ်ထွက်နိုင်ပါသည်။ Hardwareဆိုင်ရာ စက်ပစ္စည်းများပျက်စီးယိုယွင်းနိုင်သည်၊ မရှိမဖြစ်အသုံးပြုရသော software (သို့) hardware များကြောင့် နှောင့်နှေးမှုများ ဖြစ်လာနိုင်ပါသည်။ အကယ်၍ project အမျိုးအစားသည် မိမိအတွက် အသစ်ဖြစ်နေပြီး နည်းပညာအရပါ အဆင့်မြင့် နေပါက အချို့သော အပိုင်းများတွင် ပိုမိုခက်ခဲနေနိုင်ပြီး သာမန် မျှော်မှန်းထား သည်ထက် ကြာမြင့်နိုင်ပါသည်။

နောက်တစ်ချက်အနေဖြင့် ကျွန်တော်တို့သည် schedule calendar time နှင့် အညီ အလုပ်တာဝန်တစ်ခုစီကို ပြီးမြောက်နိုင်ရန် လိုအပ်သော အရင်းအမြစ် (resource) များကိုလည်း ခန့်မှန်းရပါမည်။ အဓိက အရင်းအမြစ်မှာ လိုအပ်သော လူအင်အား(human effort) ဖြစ်ပါသည်။ အခြားသော အရင်းအမြစ်များသည် serverပေါ်တွင်လိုအပ်သော disk spaceများ၊ အသွင်တူအောင် အထူးဖန်တီးထားသော simulator ကဲ့သို့ hardware များအတွက် လိုအပ်သောအချိန်နှင့် project ဝန်ထမ်းများ လိုအပ်သော ခရီးသွားစရိတ် စသည်ကဲ့သို့ ဖြစ်နိုင်ပါသည်။

လက်တွေ့နည်းလမ်းကောင်း တစ်ခုမှာ ကြိုတင်မျှော်မှန်း ထားသော ပြဿနာ များကို ထည့်သွင်းကာ ကျွန်တော်တို့၏ ခန့်မှန်းခြေများကို တိုးမြှင့်ယူဆထားခြင်း ဖြစ်ပါသည်။ အရေးပေါ်ဖြစ်လာနိုင်သည့် ကိစ္စများကိုပါ ခန့်မှန်းခြေတွင် ထည့်သွင်းနိုင်ပါသည်။ ထိုအရေးပေါ်ဖြစ်လာနိုင်သည့် ကိစ္စများသည် project အမျိုးအစား၊ (deadline, standard,စသည်ဖြင့်) ကဲ့သို့ process parameterများ နှင့် projectတွင် အလုပ်လုပ်နေသော software engineerများ၏ အရည်အချင်း၊ အတွေ့အကြုံ များတွင် မူတည်ပါသည်။ မူရင်းစာရေးသူသည် ကြိုတင်မျှော်မှန်း ထားသော ပြဿနာအတွက် ၃၀ ရာခိုင်နှုန်းကို မူရင်းခန့်မှန်းခြေတွင် ထည့်သွင်းထားပြီး ၂၀ ရာခိုင်နှုန်းကို သူတစ်ခါမှ မတွေးမိ၊ မစဉ်းစားမိ လိုက်သော အရာများအတွက် ထည့်သွင်းခန့်မှန်းပါသည်။ ဥပမာ အရ: