Project Management(အပိုင်း-၄)

Published on January 3rd 2023

Post Image
5.2.2 Milestones and deliverables

Softwareတို့၏ သဘောသဘာဝအရ intangible ဖြစ်သည့်အတွက် ယင်းတို့၏ developmentကို manageလုပ်ရန် managerများသည် informationလိုအပ်ပါသည်။ software developလုပ်နေစဉ်အတွင်း အဆင့်ဆင့် stageများကို ဖော်ပြသော reportများ နှင့် documentများကသာလျှင် managerများအတွက် information ပေးနိုင်မှာ ဖြစ်ပါ သည်။ ၎င်း informationမရှိလျှင် အလုပ်၏ progressကို သိရှိနားလည်ရန် မဖြစ်နိုင်သလို cost estimateများနှင့် schedule များကိုလည်း updateလုပ်နိုင်မည် မဟုတ်ပါ။

Projectတစ်ခုကို planရေးဆွဲရာတွင် ကျွန်တော်တို့အနေဖြင့် အစဉ်လိုက် စီစဉ်ထားသော milestoneများကို ခိုင်ခိုင်မာမာသတ်မှတ်ထားရန် လိုအပ်ပါသည်။ Milestone ဆိုသည်မှာ Software process activityတစ်ခု၏ အသိမှတ်ပြုနိုင်ဖွယ် ပြီးဆုံးအောင်မြင်ခြင်း (end-point) ဖြစ်ပါသည်။ Milestone တစ်ခုစီတိုင်းတွင် management ကို တင်ပြနိုင်သော reportကဲ့သို့ နည်းလမ်းတကျ ဖြစ်သည့် outputတစ်ခု ရှိပါသည်။ Milestone report များသည် ကြီးကြီးမားမား documentများ ဖြစ်ရန် မလိုအပ်ပါ။ Project developmentအတွင်း ပြီးမြောက် အောင်မြင်သွားသည်များကို လိုတိုရှင်း reportတစ်ခုအနေဖြင့် တင်ပြလျှင် လုံလောက်ပါသည်။ ထို့အပြင် Milestone များသည် projectများရှိ ထင်ရှားသော logical stageများ၏ အဆုံးသတ်များကို ကိုယ်စား ပြုသင့် ပါသည်။ “Coding 80% complete” ကဲ့သို့ မသေချာမ‌ရေရာသော (indefinite) milestone များသည် project managementအတွက် အသုံးမဝင်ပါ။ Coding stage တစ်ခုလုံး မပြီးမြောက်သေးဘဲ ကျန်ရှိနေသော ၂၀% သည် မသေချာသော အရာ ဖြစ်သဖြင့် milestone reportရေးလျှင် အောင်မြင်ပြီးမြောက်သော stageအတွက် သာ ရေးသား တင်ပြနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

Deliverable ဆိုသည်မှာ customerဆီသို့ ပေးအပ်နိုင်သော project result တစ်ခု ဖြစ်ပါသည်။ Specification သို့မဟုတ် design ကဲ့သို့ project၏ အဓိက အပိုင်းကဏ္ဍ တစ်ချို့ပြီးမြောက်သည့်အခါ customerဆီသို့ deliver ပြုလုပ် လေ့ရှိကြ ပါသည်။ Deliverableများသည် milestoneများပင်ဖြစ်ပါသည်။ သို့သော် milestone များသည် deliverableများကဲ့သို့ deliver လုပ်ရန်မလိုအပ်ပါ။ Milestoneများသည် internal project result များဖြစ်ပြီး project manager မှ project ၏ progressကို ကြည့်ရန် အသုံးပြုပါသည်။ဒါပေမဲ့ customerများဆီသို့ deliver မပြုလုပ်ပါ။

Activities and Milestones

Milestoneများ တည်ဆောက်နိုင်ရန် software processကို သက်ဆိုင်ရာ outputများရှိသော အခြေခံ activityများသို့ ဖြိုခွဲစီစဉ်ထားရပါမည်။ ဥပမာအားဖြင့် အထက်ပါပုံသည် requirementများကို စစ်ဆေး (validate) ရာတွင် ကူညီနိုင်ရန် ပုံစံငယ်ကိုအသုံးပြု၍ requirement specification တွင် ပါဝင်သော ဖြစ်နိုင်သည့် activityများကို ပြသထားပါသည်။ Milestoneများကို activity တစ်ခုစီတိုင်း၏ ပြီးမြောက် အောင်မြင်မှု outputများအဖြစ်တွေ့နိုင်ပါသည်။ Customerများဆီသို့ ‌‌ပေးအပ်သော project deliverableများကိုမူ requirement definition နှင့် requirement specification အဖြစ်တွေ့နိုင်ပါသည်။