Project Management(အပိုင်း-၂)

Published on January 3rd 2023

Post Image
Glossary

Personnel-ဝန်ထမ်း

Evaluation-ခန့်အပ်ခြင်း၊ တန်ဖိုးဖြတ်ခြင်း

Configuration management-အဆင့်ဆင့်ပြောင်းလဲနေသော software productများ၏ ‌‌‌ေပြောင်းလဲမှုများကို စီမံရသော processဖြစ်ပါသည်။ Configuration planning, version management, system building နှင့်change managementတို့သည် ယခုလုပ်ငန်းစဉ်တွင်ပါဝင်ပါသည်။

· Personnel selection and evaluation: project managerများသည် မိမိတို့၏ project တွင် ပါဝင်အလုပ်လုပ်မည့်သူများကို ရွေးချယ်ရပါသည်။ သင့်လျော်သော အတွေ့အကြုံရှိပြီး ကျွမ်းကျင်မှုရှိသည့် staffများ ပါဝင်အလုပ် လုပ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ managerအများစုသည် less-than-ideal ဆိုသော စံပြမဟုတ်သည့် project teamများတွင် အလုပ်လုပ် ကြရပါသည်။ အဘယ့်ကြောင့်ဆိုသော်-

1. Project budget သည် လစာမြင့်မားသော ဝန်ထမ်းများ အသုံးပြုနိုင်ရန် မလောက်ငှခြင်းဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံနည်းပြီး လစာ ပိုနည်းသော ဝန်ထမ်းများကို အသုံးပြုကြရပါသည်။

2. အဖွဲ့အစည်းအတွင်း သင့်တော်သော အတွေ့အကြုံရှိသည့် ဝန်ထမ်းများ မရရှိနိုင်ခြင်း နှင့် project teamထဲသို့ ဝန်ထမ်းအသစ် ထပ်မံမခန့်အပ် နိုင်ခြင်း ဖြစ်သည်။ အရည်အချင်းရှိသော ဝန်ထမ်းများသည် အခြား projectများတွင် တာဝန်ကျနှင့်ပြီးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။

3. အဖွဲ့အစည်း (သို့) companyသည် မိမိ ဝန်ထမ်းများ၏ အရည်အချင်းကို တိုးတက်စေချင်၍ ဖြစ်ပါသည်။ အတွေ့အကြုံနုသော ဝန်ထမ်းများ အတွေ့အကြုံရရှိစေရန်နှင့် လေ့လာသင်ယူနိုင်ရန် သင့်လျော်သော project များတွင် ခန့်အပ်ထားကြပါသည်။

· Report writing and presentations: project managerများသည် ဖောက်သည် အတွက်ရော သဘောတူစာချုပ်ချုပ်ဆိုထားသည့် အဖွဲ့အစည်းအတွက်ပါ project အပေါ် အစီရင်ခံဖို့ တာဝန်ရှိပါသည်။ အသေးစိတ်ကျသော Project အစီရင်ခံစာ (report) မှ အရေးကြီးသော information အကျဉ်းချုပ်ကို ရှင်းရှင်းလင်းလင်း ကျစ်ကျစ်လစ်လစ် ဖြစ်သည့် မှတ်တမ်းမှတ်ရာ document ဖြင့် ရေးသားဖော်ပြရပါမည်။ အခြေအနေတိုးတက်မှုကို ဆန်းစစ်နေချိန် (progress reviews)အတွင်း managerများသည် မိမိတွင်ရှိသော information များကို presentation ပြသရပါသည်။ ထို့ကြောင့် project manager တစ်ဦး အနေဖြင့် နှုတ်အားဖြင့်(orally)ရော အရေးအသား (writing)ဖြင့်ပါ ရှင်းလင်း ပြောဆိုဆက်ဆံမှုများ ပြုလုပ်နိုင်ရပါမည်။

5.2 Project planning

Software project တစ်ခု၏ ထိရောက်သော management သည် project၏ တိုးတက်မှု အခြေအနေ progressများကို စေ့စပ်စွာ အစီအစဉ်ဆွဲခြင်းအပေါ်တွင် မူတည် နေပါသည်။ Managerများသည် ဖြစ်ပေါ်လာနိုင်သော problemများကို လက်ဦးရယူ ဖြေရှင်းရပြီး ယင်း problemများအတွက် ကြိုတင်စမ်းသပ်ထားသော ဖြေရှင်းချက် (solution)များ ပြင်ဆင်ထားရပါမည်။ Projectကို ဦးဆောင်သွားမည့် အစီအစဉ် (plan)တစ်ခုကို project စစချင်း ရေးဆွဲထားပြီး အသုံးပြုသင့်ပါသည်။ ၎င်း planသည် အသုံးဝင်သည့် informationများကို အတတ်နိုင်ဆုံး ချပြထားနိုင်သည့် plan ဖြစ်သင့်ပါသည်။ ထိုplanမှ တစ်ဆင့် project တိုးတက်မှု progressများနှင့် ပိုမို ကောင်းမွန်သော informationများကို ရရှိနိုင်မှာဖြစ်ပါသည်။

Project managerများသည် project planများကို ရေးဆွဲကြရသလို အခြားသော planအမျိုးအစားများကိုလည်း ရေးဆွဲရမှုများ ရှိနိုင်ပါသည်။၎င်း plan အမျိုးအစား (Types of plan) များမှာ-

· Quality plan: အရည်အသွေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (quality procedure) များနှင့် အဆင့်အတန်း(standard)များကိုဖော်ပြသည့် planဖြစ်သည်။

· Validation plan: System validationအတွက် အသုံးပြုမည့် သက်ဆိုင်ရာ နည်းလမ်းများ(approach), အရင်းအမြစ်များ(resources)နှင့် အစီအစဉ်ဇယား (schedule)များကို ဖော်ပြသည့် planဖြစ်သည်။

· Configuration management plan: အစီစဉ်စနစ် စီမံထိန်းချုပ်မှု (configuration management) planများ နှင့် အသုံးပြုမည့် ဖွဲ့စည်း တည်ဆောက်ပုံ(structure)များကို ဖော်ပြသည့် planဖြစ်သည်။

· Maintenance plan: System၏ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များ (maintenance requirements) ၊ ပြုပြင်ထိန်းမှု ကုန်ကျ စရိတ်များ (maintenance costs) နှင့် လိုအပ်သော အားထုတ်ကြိုးပမ်း မှုများ ကို ကြိုတင် ခန့်မှန်းသည့် planဖြစ်ပါသည်။

· Staff development plan: Project team memberများ၏ အရည်အချင်းနှင့် အတွေ့အကြုံများကိုမည်ကဲ့သို့ တိုးတက်အောင်ပြုလုပ်မည် ဆိုသည်ကို ဖော်ပြ သည့် planဖြစ်ပါသည်။