ဒီ articleလေးမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် professional portfolio တခု ဘာကြောင့်ရှိသင့်သလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ “Portfolio” ဆိုတဲ့စကားလုံးကိုကြားဖူးကြမှာပါ။ Portfolio ဆိုတဲ့ အဓိပ္ပါယ်ကတော့ “a set of pieces of creative work intended to demonstrate a person's ability to a potential employer.” ဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိမိရဲ့ abilityကို တပါးသူကို ပြသခြင်းဖြစ်ပါတယ်။
ဒါဆိုရင်ဘာကြောင့် professional portfolio websiteတခုရှိသင့်တာလဲ။ ဘယ်လိုအကျိုးတွေရှိလဲဆိုတာကို sharingလုပ်ပေးချင်ပါတယ်။
ကျွန်တော်တို့ လုပ်ထားသမျှ အလုပ်တွေ၊ အတွေ့အကြုံတွေနဲ့ projectတွေကို အားလုံး တနေရာတည်းပြသထားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ client ၊ လုပ်ငန်းရှင်များနှင့် မိတ်ဆွေများကို လွယ်ကူရိုးရှင်းစွာ professional ဆန်ဆန် ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို ချပြနိုင်ဖို့ နည်းလမ်းကောင်းတခုလည်းဖြစ်ပါတယ်။
portfolio websiteတခုရှိထားခြင်းအားဖြင့် ကျွန်တော်တို့နဲ့ clientကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အလုပ်နဲ့ သက်ဆိုင်ရာနယ်ပယ်အပေါ်မှာ serious ဖြစ်တယ်၊ လေးစားမှုရှိတယ်ဆိုတာကို ရည်ညွှန်းထားခြင်းလည်းဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းမှာ networkingက အလွန်အရေးပါပါတယ်။ ကျွန်တော်တို့က အခြားလူတွေကို ပိုမိုချိတ်ဆက်လေလေ ၊ ကျွန်တော်တို့ကို လူတွေက ပိုသိလေလေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာမှာဖြစ်ပါတယ်။ Portfolio website တခုရှိထားခြင်းဖြင့် ကျွန်တော်တို့က အခြား professional တွေ၊ clientတွေနဲ့ engageလုပ်နိုင်ဖို့ ပိုမို အခွင့်အလမ်းကောင်းမှာဖြစ်ပါတယ်။
ကျွန်တော်တို့တော်တော်များများမှာ professional social accountတွေရှိကြပါတယ်။ ဥပမာ- Facebook page or personal account, LinkedIn, GitHub, Dribbble, and Behance စသဖြင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ professional imageကောင်းဖို့ online appearance ကလိုအပ်ပါတယ်။ အပြိုင်အဆိုင်တွေရှိလာရင်လည်း online appearance က အရေးကြီးလာနိုင်ပါတယ်။ သူလိုကိုယ်လို social accountတွေရှိထားတယ်၊ ကိုယ့်မှာတော့ ကိုယ်ပိုင် portfolio website တခု ပိုရှိထားတယ်ဆိုရင် competitor တွေထက် ခြေတလှမ်းသာဖို့ အခွင့်အရေးပိုများမှာဖြစ်ပါတယ်။
ကျွန်တော်တို့က အသစ်သစ်တွေ အမြဲလေ့လာနေတယ်၊ မိမိကိုယ်ကို တိုးတက်မှုတွေ ပြုလုပ်နေတယ်ဆိုတာကို portfolio websiteကိုကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ မိမိရဲ့ progressအပေါ်မှာ awareness ထားရှိတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အချိန်တခုနှင့် တခု၊ တနှစ်ပြီးတနှစ် ကျွန်တော်တို့ဘာတွေတိုးတက်လာသလဲ၊ ဘာတွေလေ့လာဖို့လိုအပ်နေသလဲဆိုတာကို trace လုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် personal ရော professional developmentမှာပါ အထောက်အကူပြုနေမှာဖြစ်ပါတယ်။
အပေါ်ကအချက်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ်ပိုင် portfolio websiteတခု ဘာကြောင့်လိုအပ်သလဲ ဆိုတာကို အကျဉ်းအားဖြင့် နားလည်မယ်လို့ယူဆပါတယ်။ ဖတ်ရှုသူအနေနဲ့လည်း ကိုယ်ဟာ လုပ်ငန်းခွင်ဝင်ဖို့လုပ်နေတယ်၊ ကိုယ့်ရဲ့skill နဲ့ serviceကို သေသေချာချာချပြချင်ဆိုရင် portfolio websiteတခု လုပ်ထားသင့်ကြောင်း အကြံပြုရင်း articleကို အဆုံးသတ်ပါတယ်။
ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အရေးအသား လိုအပ်တဲ့အရာများရှိရင်လည်း mailပို့ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။